Print

ကိုယ်ခန္ဓာပေါ်က ဆယ်လူလိုက် (Cellulite)

  27-Feb-2017
Preview Image

ဆယ်လူလိုက် ဆိုတာက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် အရေပြား အပေါ်ဆုံး က ပေါင်နဲ့ တင်ပါးတွေမှာ အဆီ ဝင်စုပြီး အတွန့်တွေ၊ အထစ်တွေ၊ အဖုတွေနဲ့ အသားအရေ မညီညာတော့တာကို ခေါ်တာပါ။ အလှ ဖျက်တယ်၊ အရုပ်ဆိုးပါတယ်။ အမှန်ပြောရရင် မိန်းမတိုင်းလိုလို တစ်ချိန်မှာ ဆယ်လူလိုက် ပေါ်လာတော့တာပါ။

 

အရေပြား ဒါးမစ် (Dermis) အလွှာက ကောလဂျင် (Collagen) နဲ့ ကြွက်သား အမျှင်တွေမှာ အဆီခဲလေးတွေ စုဝေး တွဲကပ်လာလို့ဖြစ်တာပါ။ အမျှင်တွေ ကျုံ့တဲ့အခါ အဆီခဲတွေ ကြွပြီး အဖုအဖောင်း ပုံစံ ပေါ်လာတာဖြစ်တယ်။ ယောကျ်ားတွေလည်း ဖြစ်နိုင်ပါတယ် ဆိုပေမယ့် မိန်းမတွေမှာ အဓိက ဖြစ်ပွားတယ်။

 

ဆယ်လူလိုက် သက်သာစေတယ်ဆိုတဲ့ နည်းတွေက များပြားလို့ ဘယ်လို ကုသရမလဲ လို့ မေးစရာ ရှိတယ်။ ဘဝ နေထိုင်မှု ပုံစံ ပြောင်းလဲပစ်ခြင်း၊ လိမ်းဆေးတွေ၊ စက်ပစ္စည်းတွေ အစုံပါပဲ။ ကုသမှုတွေကလည်း သူသာ အကောင်းဆုံးလို့ ကြော်ငြာနေကြတာပါ။ ရာနှုန်းပြည့် မယုံပါနဲ့။ ကုသမှု အများစုဟာ ကုသနေတုန်းမှာပဲ တိုးတက်မှုတွေ ရပြီး ရပ်လိုက်တာနဲ့ ပြန်ဖြစ်ကြတာ တွေ့ရတယ်။ ဆယ်လူလိုက် ဖြစ်လာရင် ကုဖို့ အလွန် ခက်ခဲပါတယ်။ အကောင်းဆုံး ကုသမှု ဆိုတာလည်း မရှိသေးပါဘူး။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်ကြီး)
Health for all magazine, February 2016, No.109,Pg. 43-44

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18